သာမန်ဘဝလေးကို ဖြတ်သန်းနေတဲ့ ဘတ်ထယ်ဂျွန်း (Ji Chang-Wook) ဆိုသူဟာ တစ်ရက်
တစ်မနက်တွင်းချင်းမှာပဲ လူသတ်မှုတစ်ခုရဲ့ တရားခံအဖြစ် မတရားစွပ်စွဲခံရပြီး ထောင်ကျသွားခဲ့ရပါတယ်။
အန်ယိုဟန် (Doh Kyung-Soo) ကတော့ ဗွီအိုင်ပီဧည့်သည်တော်တွေ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုကို
ဖုံးဖိပေးဖို့အတွက် သက်သေအတုအယောင်တွေကို ဖန်တီးပြီးတော့ အပြစ်မဲ့သူတွေကို
အမှုဆင်ချောက်ချနေတဲ့ ဒီဒရမ်မာလေးရဲ့ အဓိက ဗီလိန်ပါ။
ထယ်ဂျွန်းက သူရဲ့ ဒီကံဆိုးမှုနောက်ကွယ်က ကြိုးကိုင်သူဟာ ယိုဟန်ဖြစ်နေကြောင်း သိရှိလိုက်ရပြီးနောက်
ယိုဟန်ကို ကလဲ့စားချေဖို့အတွက် ထောင်ကနေ ထွက်ပြေးလာတဲ့အခါမှာတော့...
Ji Chang-Wook ရဲ့ အက်ရှင်စကေး၊ Doh Kyung-Soo ရဲ့ ပထမဆုံး ဗီလိန်အဖြစ် စိန်ခေါ်မှုတို့နဲ့အတူ
သွေးကလဲ့စားချေမဲ့သူနဲ့ အပြစ်မဲ့သူတွေရဲ့ ဘဝကို ခြယ်လှယ်စီမံနေသူတို့ကြားက အားပြိုင်ပုံကို
မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုရမှာဖြစ်လို့ စောင့်ကြည့်လိုက်ရအောင်နော်။