နို့စ်ဖရာတူ ဆိုတဲ့ စကားလုံးရဲ့ ဇစ်မြစ်ကတော့ ကွဲပြားနေတာအမျိုးမျိုးရှိပါတယ်။

ရိုမေးနီးယားဘာသာဖြစ်ပြီး ဗမ်ပိုင်းယား၊ ပလိပ်ကပ်ဘေး၊ သေမင်း စသဖြင့် အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပေမဲ့ ရိုမေးနီးယားစကားလုံးအစစ်ဟုတ်မဟုတ်၊ ဂျာမန်လား အခြားဘာသာလားဆိုတာ အတည်ပြုရခက်ပါသေးတယ်။

ဒီရုပ်ရှင်မှာတော့ သောမတ် နဲ့ အယ်လန်တို့က ကြင်စဦး ဇနီးမောင်နှံတွေပါ။ သောမတ်ဟာ ဆင်းရဲတာကြောင့် ငွေရှာဖို့ကြိုးစားရင်း နယ်စားကြီးအောလော့ဆီမှာ အိမ်စာချုပ်တစ်ခု သွားချုပ်ပေးဖို့ ကြုံလာပါတယ်။

သောမတ်တစ်ယောက် အောလော့ဆီကို ရောက်နေတုန်းမှာပဲ အယ်လန်ဟာ ညဘက်တွေ ယောင်တာ၊ လမ်းထလျှောက်တာ၊ အတက်ရောဂါတွေဖြစ်လာပြီး ဆရာဝန်တွေ ကုလို့မနိုင်လောက်အောင် ဆိုးရွားလာပါတယ်။

သောမတ်ကလည်း အောလော့ဟာ လူသားမဟုတ်တာကို သိပြီးထွက်ပြေးဖို့ ကြိုးစားရပါတော့တယ်။

အဲဒီအချိန်မှာပဲ ဝစ္စဘက်မြို့တစ်ခုလုံး ပလိပ်ကပ်ဘေးကြီးကျလာတဲ့အခါ ဂမ္ဘီရပညာတွေကိုလေ့လာနေတဲ့ သမားတော် ဗွန်ဖရန့်နဲ့ သောမတ်ဇနီးမောင်နှံတို့ဟာ နို့စ်ဖရာတူ ခေါ် နယ်စားကြီးအောလော့ကို နှိမ်နင်းဖို့ ကြိုးစားကြရပါတော့တယ်။

ဒီရုပ်ရှင်အတွက် ဘေလ်စကားစဂတ်ဟာ အော်ပရာအဆိုတော်တစ်ယောက်နဲ့ အောလော့အသံကို လေ့ကျင့်ခဲ့ပြီးမှ သရုပ်ဆောင်ခဲ့တာပါ။

ဝီလီယံဒဖိုးကလည်း ကြွက်အစစ် အကောင် ၂၀၀၀ နဲ့ ဇာတ်ဝင်ခန်းကို ပီပီပြင်ပြင် သရုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဆုတွေ တစ်ပုံကြီးသိမ်းပိုက်ထားပြီး အော်စကာမှာလည်း ထိပ်ဆုံးကပြေးမဲ့ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။

ရောဘတ်အက်ဂါပိုင်တဲ့ ရုပ်ရှင်အလင်းအမှောင်နဲ့ ရိုက်ကွင်းအလန်းတွေ၊ အသံဖန်တီးမှုကောင်းတွေ၊ သရုပ်ဆောင်ကောင်းတွေအပြင် မူရင်းဟော်ရာမြင်ကွင်းတွေနဲ့ ခေတ်သစ်ဟော်ရာစတိုင်တွေကို ပေါင်းစပ်ထားတာမို့

နို့စ်ဖရာတူ ၂၀၂၄ ဟာလည်း ဂန္ဓဝင်ဟော်ရာရုပ်ရှင်စာရင်းထဲမှာ သေချာပေါက်ပါလာမဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။

အိပ်ရာခန်းအချို့နဲ့ ရက်စက်တဲ့အခန်းတွေ ပါဝင်တာကြောင့် မိသားစုနဲ့ကြည့်လို့တော့ သိပ်အဆင်မပြေလောက်ပါဘူး။

Post
Lily-Rose Depp
Post
Nicholas Hoult
Post
Bill Skarsgård
Post
Aaron Taylor-Johnson
Post
Willem Dafoe
Post
Emma Corrin
Post
Ralph Ineson
Post
Simon McBurney
Post
Adéla Hesová
Post
Milena Konstantinova
Post
Stacy Thunes
Post
Gregory Gudgeon
Post
Robert Russell
Post
Curtis Matthew
Post
Claudiu Trandafir
Post
Gherghina Bereghianu
Post
Jordan Haj
Post
Kateřina Bílá
Post
Maria Ion
Post
Tereza Dušková
Post
Liana Navrot
Post
Mihai Verbintschi
Post
Karel Dobrý
Post
Andrei Sergeev
Post
Matěj Beneš
Post
Marek Pospíchal
Post
Jan Filipenský
Post
Alex East
Post
Christian Dunckley Clark
Post
Andrea Miltner
Post
Robin Finesilver
Post
Paul Maynard
Post
Charles Horne
Post
Ella Bernstein
Post
Meredith Digings

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top