ရှေ့နေတစ်ယောက်ဖြစ်တဲ့ အန်းဂျူဟောင်းဟာ သူများအပေါ် သူ့ခံစားချက်ကို အပွင့်လင်းဆုံး ဖော်ပြတတ်တဲ့လူစားဖြစ်ပြီး အားနည်းသူကို ကာကွယ်ပေးဖို့တို့ တရားမှုကိုဖော်ဆောင်ဖို့တို့ဆိုတဲ့ ရည်ရွယ်ချက်တွေလည်း လုံးဝ မရှိတဲ့သူမျိုး ဖြစ်ပါတယ်။ ရှေ့နေရုံးတစ်ခုတည်းမှာပဲ ၉ နှစ်ကြာအောင် အလုပ်လုပ်နေသူဖြစ်ပြီး ကိုယ်ပိုင်ရှေ့နေရုံးထောင်ဖို့လည်း စိတ်ကူးမရှိတဲ့သူပါ။ သို့ပေမယ့် သူ့မှာ နေ့ဘက်ဆို နေ့လည်စာအတူစား ညဘက်ဆို အရက် အတူသောက်နေကျ အဆောက်အဦးတစ်ခုတည်းက ရှေ့နေမိတ်ဆွေ ၅ ယောက်တော့ ရှိပါသေးတယ်။ ထိုထဲကမှ ရှေ့နေတစ်ယောက်က အလုပ်ထွက်သွားတဲ့နောက် အသစ်ရောက်လာတဲ့ ရှေ့နေမလေးအသစ်ဟာ ဂန်ဟီဂျီ ဖြစ်နေခဲ့ချိန်မှာတော့....