Pole to Pole with Will Smith (2026)
5.6
Price - 700Ks
မြန်မာစာတန်းထိုး
Episode 1 - 7
Memory – 4 GB
Runtime : 45 minutes
Video Format : 1080P
Genres : Documentary Series,

Trailer

"Pole to Pole with Will Smith" ဆိုတဲ့ ဒီခရီးသွားမှတ်တမ်းရုပ်ရှင်စီးရီးလေးဟာ ရိုးရိုးရှင်းရှင်း ခရီးသွားအစီအစဉ်တစ်ခုထက် လေးနက်တဲ့ အဓိပ္ပာယ်တွေကို ဆောင်ကြဉ်းပေးထားပါတယ်။ ဒါဟာ ကမ္ဘာမြေရဲ့ တောင်ဘက် စွန်းကနေ မြောက်ဘက်စွန်းဆီသို့ ဆက်သွယ်ထားတဲ့ ခရီးလမ်းတစ်ခုတင်မကဘဲ လူတစ်ယောက်ရဲ့ အတွင်းစိတ် ခရီးစဉ် (Inner Journey) တစ်ခုလည်း ဖြစ်ပါတယ်။
Will Smith ကို ဟောလိဝုဒ်မင်းသားတစ်လက်အနေနဲ့ ကျွန်တော်တို့ သိထားကြပေမဲ့ ဒီခရီးစဉ်မှာတော့ သူဟာ သဘာဝတရားရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတဲ့ သာမန်လူသားတစ်ယောက်ပါပဲ။ အန္တာတိက ရေခဲပြင်ကြီးတွေ၊ အ မေဇုန်တောနက်ထဲက အန္တရာယ်တွေကြားမှာ ကိုယ့်ရဲ့ ကြောက်စိတ်ကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာကို သူက လက်တွေ့ပြသသွားသလို ဘဝမှာ အခက်အခဲတွေတွေ့ရင် ထွက်ပြေးဖို့မဟုတ်ဘဲ ရင်ဆိုင်ကြည့်ဖို့ ခွန်အားပေး
ထားပါတယ်။
၁၀၀
ရက်ပေါင်း ကြာမယ့် ဒီခရီးစဉ်မှာ ကမ္ဘာ့တောင်ဘက်စွန်း (South Pole) ကနေ မြောက်ဘက်စွန်း (North Pole) အထိ တိုက်ကြီး ၇ တိုက်ကို ဖြတ်သန်းရင်း ခေတ်မီနည်းပညာတွေကြားမှာ မေ့လျော့နေတတ်တဲ့ သဘာဝတရားရဲ့ လှပမှုနဲ့ အရေးပါပုံကို ပြန်လည်သတိရစေပါတယ်။ ကျွန်တော်တို့ဟာ ဒီကမ္ဘာမြေကြီးရဲ့ အစိတ်အပိုင်းလေးတစ်ခုပဲ ဆိုတဲ့ အသိတရားကို ရရှိစေမှာဖြစ်ပြီး "ဘဝရဲ့ အဖြေတွေကို ကမ္ဘာမြေရဲ့ အစွန်းတွေမှာ ရှာတွေ့နိုင်တယ်" ဆိုတဲ့ အယူအဆနဲ့ ရိုက်ကူးထားတာဖြစ်လို့ ကြည့်ရှုသူတိုင်းကို အတွေးနယ်ချဲ့စေမှာပါ။ ဌာနေတိုင်းရင်းသားတွေရဲ့ ရိုးရှင်းတဲ့ ဘဝနေထိုင်နည်းတွေ၊ သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိမှုတွေက ဘဝနဲ့ပတ်သက် ပြီး အမြင်သစ်တွေ ပေးစွမ်းနိုင်ပါတယ်။
National Geographic ရဲ့ လက်ရာဖြစ်တာမို့ ရုပ်ထွက်ပိုင်းဆိုင်ရာမှာ ပြောစရာမလိုအောင် သိပ်လှသလို ဟာသနှောတတ်တဲ့ Will Smith ရဲ့ ပင်ကိုစရိုက်ကို မပျောက်စေဘဲ တည်ငြိမ်ပြီး ရင့်ကျက်တဲ့၊ သင်ယူလိုစိတ်ရှိတဲ့ သူ့ရဲ့ ပုံစံသစ်ကိုလည်း မြင်တွေ့ရမှာပါ။ စိတ်ဖိစီးမှုတွေ များနေလို့ပဲဖြစ်ဖြစ်၊ ဘဝအတွက် ခွန်အားသစ်တစ်ခု ရှာဖွေနေတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သဘာဝတရားရဲ့ အလှကို ခံစားရင်း စိတ်အပန်းဖြေချင်တာပဲဖြစ်ဖြစ် ဒီစီးရီးလေး ဟာ လက်လွတ်မခံသင့်တဲ့ ဇာတ်လမ်းကောင်း တစ်ပုဒ်ဖြစ်ပါတယ်။

Post
Will Smith

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top