ဟာသအဓိကဇာတ်လမ်းဆိုတဲ့အတိုင်း အူတက်နေအောင်ရယ်ရတဲ့အပိုင်းတွေလည်း ပါသလို မိသားစုရေးရာ အချစ်ရေးရာ…ဘော်ဒါအပေါင်းအသင်းဆက်ဆံရေး စသဖြင့် ဆေးရောင်စုံပန်းချီကားတစ်ချပ်လို ရသစုံစွာခံစားကြည့်ရှုရမယ်ဆိုတာလည်း အာမခံပြီးတော့ ညွှန်းဆိုပေးလိုပါတယ်။ CM က တင်ဆက်ပြီး/တင်ဆက်ဆဲ Sitcom တွေဖြစ်တဲ့ Friends, The Bigbang Theory , The Office, Mordern Family တို့အပြီးမှာ ဘာဆက်ကြည့်ရမလဲမသိ ကြောင်ပျောက်နေရင်တော့ ဒီစီးရီးကိုပဲ အပြေးလေးလာကြည့်ဖို့ ညွှန်းဆိုရင်းနဲ့ပဲ တစ်ခန်းရပ်လိုက်ပါမယ်။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Thurein Lynn မှ တင်ဆက်ထားပါတယ်။)
How I met your mother Sit-Com ကို 2005 ခုနှစ်မှာ စတင်ထုတ်လွှင့်ခဲ့ပြီး 2014 ခုနှစ်မှာ ဇာတ်သိမ်းခဲ့ပါတယ်။
Season ၉ ခုပါဝင်ပြီး အပိုင်းပေါင်း (၂၀၈) ပိုင်းရှိပါတယ်။