Steal (2026)
7.1
Price - 600Ks
မြန်မာစာတန်းထိုး
Episode 1 - 6
Memory – 4 GB
Runtime : 54 minutes
Video Format : 1080P
Genres : Drama Series, Crime Series, Mystery Series,

Trailer

Amazon Prime ကနေ အသစ်ထွက်ရှိလာတဲ့ "Steal" စီးရီးသစ်ဟာ လက်ရှိကြည့်ရှုသူတွေကြားမှာ ရေပန်းစားနေတဲ့ Crime Thriller စီးရီးတစ်ခု ဖြစ်ပါတယ်။ ဒီစီးရီးမှာ Game of Thrones ဇာတ်ကားနဲ့ လူသိများတဲ့ မင်းသမီး ချော Sophie Turner က အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး ထူးခြားတဲ့ဇာတ်လမ်းနဲ့ ပုံဖော်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ လန်ဒန်မြို့က ပင်စင်ရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ သာမန်ရုံးဝန်ထမ်းမလေး ဇာရာ (Sophie Turner) ရဲ့ ဘဝအကြောင်းနဲ့ စတင်ထားပါတယ်။ တစ်နေ့မှာတော့ သာမန် ရုံးဖွင့်ရက်လို့ ထင်ထားရာကနေ လက်နက်ကိုင်လူတစ်စု ရုတ်တရက် ဝင်ရောက်စီးနင်းလာပြီး ကုမ္ပဏီတစ်ခုလုံးကို ဓားစာခံအဖြစ် ဖမ်းဆီးလိုက်တဲ့အခါမှာတော့ အခြေအနေတွေက ချက်ချင်းပြောင်းလဲသွားပါတော့တယ်။ ဓားပြတွေဟာ ဇာရာ နဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း လုခ် တို့ကို အတင်းအကျပ်စေခိုင်းပြီး ပေါင်ဘီလီယံနဲ့ချီတဲ့ ငွေတွေကို လွှဲပြောင်းခိုင်းခဲ့ပါတယ်။
ဒီဓားပြမှုကြီးကို ဖော်ထုတ်ဖို့ တာဝန်ယူရတဲ့ စုံထောက် DCI ရီးစ် (Jacob Fortune-Lloyd) ကလည်း သာမန်ရဲတစ်ယောက် မဟုတ်ပါဘူး။ သူကိုယ်တိုင်က လောင်းကစားစွဲလမ်းမှုကြောင့် ငွေကြေးပြဿနာတွေနဲ့ ရင်ဆိုင်နေရသူ တစ်ယောက်ပါ။ ဓားပြမှုရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေ၊ ရှုပ်ထွေးပွေလီတဲ့ အကျိုးစီးပွားပဋိပက္ခတွေနဲ့အတူ စုံထောက်ရဲ့ ကိုယ်ပိုင်ပြဿနာတွေပါ ရောထွေးလာတဲ့အခါ ဇာတ်လမ်းက ပိုပြီး တင်းမာလာပါတယ်။ သာမန် ရုံးဝန်ထမ်းမလေး ဇာရာ တစ်ယောက် ဒီအန္တရာယ်ကြားကနေ ဘယ်လိုလွတ်မြောက်အောင် ကြိုးစားမလဲ၊ ဘယ်သူက ဘာရည်ရွယ်ချက်နဲ့ ဒီလောက်ငွေပမာဏများပြားတဲ့ ဓားပြမှုကို ကြိုးကိုင်နေတာလဲ စတဲ့စိတ်ဝင်စားစရာ မေးခွန်းနဲ့ အပိုင်း ၆ ပိုင်းစလုံးကို တစ်ထိုင်တည်းကြည့်မိအောင် ဆွဲခေါ်သွားမှာပါ။

Post
Sophie Turner
Post
Archie Madekwe
Post
Jacob Fortune-Lloyd
Post
Andrew Howard
Post
Jonathan Slinger
Post
Ellie James
Post
Sarah Belcher
Post
Thomas Larkin
Post
Tara Summers
Post
Andrew Koji
Post
Anastasia Hille

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top